မင်္ဂလာပါနော်...အသိတစ်ယောက်ကမေးလို့ နိုင်ငံခြားကိုငွေကုန်သက်သာစွာပြောဆိုဖို့နည်းလေး ပေးပါဆိုလို့ တင်ပေးလိုက်ပါတယ်....
ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်မှာ ဆေးသွားကုနေရလို့ ဒီဘလော့ခ်လေးကိုပစ်ထားရတာကြာပါပြီ...အကျိုးအကြောင်းလည်းမရေးခဲ့ရလို့ ခင်မင်ရပါသော ဘလော့ခ်ဂါ မိသားစုတွေကို အားနာမိပါတယ်ရှင်..
ဒီနေ့ပဲ နှစ်လလောက် ပစ်ထားတဲ့ င်္ဒီကွန်ပြူတာလေးကို သန့်ရှင်းရေးလုပ်ရင်း မသိတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ အကူအညီ အမြဲတောင်းလွန်းလို့ ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်...
အရင်ဆုံး Pfingo ဆော့ဝဲလ်ကို အရင်ဒေါင်းလုပ်ဆွဲရပါမယ်။။
ကိုယ်က ဖုန်းကနေ သုံးချင်သလား.....
ကွန်ပြူတာကနေသုံးချင်တာလား...
ဖုန်းကနေသုံးချင်ရင်အောက်က လင့်ခ်လေးကို ကလစ်ပေးပြီး ဒေါင်းလုပ်လုပ်ပေးပါ။
thone/pfingoTalk_setupV4.2.2.exe
ကွန်ပြူတာကနေဆိုရင်တော့ အောက်ကပေးထားတဲ့ လင့်ခ်လေးကို ဒေါင်းပြီး အင်စတောလုပ်ပေးပါ၊
mobile.pfingo.
ကဲ ဒါတွေပြီးပြီဆိုရင် အကောင့်တစ်ခု ပြုလုပ်ရပါတော့မယ်။။
.pfingo/signUp
တစ်ခုပြောပြချင်တာက Pfingo အကောင့်တစ်ခုလုပ်မယ်ဆိုရင်ဖုန်းနံပါတ်တောင်းခဲ့မယ်ဆိုရင် စကာင်္ဘူ ကဖုန်းနံပါတ်မှ လက်ခံပြီး ကုဒ်နံပါတ်ပေးမှာဖြစ်ပါတယ်။
ဒါဆိုရင် သိလောက်ပါပြီ။။ Username နဲ့ Password ရပြီဆိုရင် အောက်မှာပေးထားတဲ့ ပုံလေးအတိုင်း
ကိုယ်ခေါ်ဆိုမဲ့ နိုင်ငံကုဒ်ကိုထည့်ပြီး ခေါ်ဆိုလိုက်ရုံပါပဲ။
ကိုယ်က ခေါ်ဆိုပြီးရင် ဆိုင်တွေမှာ အသုံးပြုမယ်ဆိုရင်တာ့ အကောင့်ကို Remember me မှာ အမှန်
ခြစ် မခြစ်မိအောင် ဂရုစိုက်ပေးပါ။ပြန်ထွက်ခဲ့ဖို့လည်းမမေ့ပါနှင့်။ ။
နောက်တစ်ခု ကိုယ့်ငွေထည့်နည်းလေး လေးလည်းပြောပြပါ့မယ်။။စကာင်္ဘူမှ အသိမိတ်ဆွေကနေထည့်
ခိုင်းရင်တော့ သူ့ဆီက Password ကိုတောင်းပြီး
အောာက်က ပေးထားတဲ့ လင့်ခ်လေးကိုသွားပြီး ထည့်လိုက်ရုံပါပဲ။
အဲဒီလင့်ခ် ထဲက
Top-Up Card Bought a pfingo Top-Up Card recently? Redeem it here! pfingo Top-Up cards now on sale in Singapore! Find out where to buy here. |
||
မက်စ်ပို့ဖို့အတွက်လားဆိုတာကို သေချာဖတ်ပြီး အစက်ပေးရပါ့မယ်။။
ပြီးရင်Security Verification စာလုံးလေးတွေကို မှန်ကန်အောင်ထည့်ပေးရပါ့မယ်။ ပြီးရင် NEXT လုပ်ပြီး စတင်အသုံးပြုလို့ရပါပြီ။
နောက်အလျှင်းသင့်ပါက နိုင်ငံအလိုက်ခေါ်ဆိုမှူ့ဈေးနုံးများ ကို ရေးပေးပါမယ်...
ငွေကုန်သက်သာပြီး မိသားစုများနဲ့ ပျော်ရွှင်စွာ လေကြောရှည်နိုင်ကြပါစေရှင်....