အင်းလေးချစ်သူများ ဆုံစည်းရာမှ နွေးထွေး ဖေါ်ရွေစွာ ကြိုဆိုပါ၏.....နည်းပညာ ဗဟုသုတများ ကိုလည်းပြန်လည်မျှဝေပေးနိုင်ပါက innlaychitthugroup@gmail.com ကို ဆက်သွယ်ပေးကြပါနော်...

Flashsong ၀ါသနာရှင်များ မိမိကြိုက်နှစ်သက်သော သီချင်းများကို တောင်းဆိုနိုင်ပါပြီ....

(ဒီဇင်္ဘာည လေးမှာ ) အင်းလေးချစ်သူ အွန်လိုင်းဆုံစည်းရာ ကို အလည်လာတဲ့ သူငယ်ချင်းတွေအတွက်.........နားဆင်ဖို့ပါ...။
ကာရာအိုဆိုရင်းသူငယ်ချင်းတွေကို ဗီဒီယို ချက်ကြမယ်။။ Live Karaoke Room

Sunday, September 9, 2012

အင်းလေးဒေသ သမိုင်း(၁)



``အင်းလေး ဒေသသည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ညောင်ရွှေ ချိုင်ဝှမ်းရှိ အင်းလေးကန်နှင့် ပတ်ဝန်းကျင် ဒေသများ ဖြစ်ပါသည်။ အင်းလေးကန်သည် လွန်ခဲ့သော နှစ် (၁၀)သန်းခန့်မှ စ၍ ဖြစ်ပေါ် လာသည်ဟု သုတေသီတို့ ဆိုကြပါသည်။ ထုံးကျောက်တုံးများ ရေတိုက်စားခြင်းကြောင့် ထုံးကျောက် အရည်ပျော်ရာမှ ဖြစ်ပေါ်လာသော ပျော်ဝင်ကန် တစ်ခုဖြစ်ပါသည်။ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၂၉၁၅တွင် တည်ရှိပြီး ကန်၏ ဘေးတစ်ဖက် တစ်ချက်တွင် အမြင့်ပေ ၄၀၀၀ကျော် မြင့်သော မြောက်မှ တောင်သို့ သွယ်တန်းနေသော တောင်တန်းများ ရှိသည်။ ယခင်က မိုင်(၁၀၀)ခန့် ရှည်လျားသော်လည်း ယခုအခါ တောင်မြောက်အလျား (၁၁)မိုင် အကျယ် (၄)မိုင်ခန့်သာ ရှိပါတော့သည်။
အင်းလေးဟု ခေါ်ဆိုရာမှာ အင်း၎ရွာကို အတိုကောက် ခေါ်ခြင်း ဖြစ်ပါသည်။ အင်းလေးဒေသရှိ နမ့်ပန်ရွာ၊ ၀မ်လုံ (ခေါ်) ရွာကြီးဗန်းပုံ၊ နောင်တော (ခေါ်) နောင်တောင်း၊ ဟိုင်းယ(ခေါ်) ဟဲယာရွာမ ဟူသော ကျေးရွာအုပ်စု ၄ခုကို စုပေါင်း ခေါ်ဆိုထားခြင်း ဖြစ်ပါသည်။ ထိုရွာကြီး ၄ရွာမှ အစပြု၍ အခြားရွာများ တစ်စတစ်စ တိုးပွားလာ ပါသည်။ ဒေသခံ အင်းသားတို့ အနေဖြင့် (၂၀)ရာစု အစပိုင်းအထိ ``အင်းလေးရွာ´´ ဟုခေါ်ဆိုမှု ရှိခဲ့ သော်လည်း နောက်ပိုင်းတွင် ``အင်းလေး´´ဟုသာ ခေါ်ကြပါသည်။

အင်းလေးကန်နှင့် ပါတ်ဝန်းကျင် ဒေသတွင် အခြေချ နေထိုင်သူများကို ``အင်းသား´´ဟု ခေါ်ကြပါသည်။ အင်းလေးရွာ စစ်တမ်းတွင် အင်းသားကို ``ငွေခွန် အစုသား´´ဟု ခေါ်ဆိုထား ပါသည်။ ရှမ်းတို့ကမူ ``မန့်နောင်´´ဟု ခေါ်ကြပါသည်။ (မန့်=မြန်မာ နောင်=ရေကန်) ပအို့ဝ်တို့ကမူ အင်းသားတို့ကို ``နောင်သား´´ဟု ခေါ်ကြပါသည်။

အင်းသားတို့မှာ တိဗက်မြန်မာ အနွယ်ဝင် ရှေးမြန်မာကြီးများ ဖြစ်ကြသည်ဟု လက်ခံထားကြသည်။

အင်းလေးဒေသရှိ ထင်ရှားသော အဆောက်အဦးများမှာ-

၁။ နမ့်ဟူးရွာရှိ ဖောင်တော်ဦးဘုရား
၂။ အင်းတိမ်ရွာရှိ ရွှေအင်းတိမ်ဘုရားနှင့် စောင်းတော်ကြီး
၃။ ခေါင်တိုင်ရွာရှိ ရွှေမြင်တင်ဘုရာနှင့် ခေါင်းလောင်း
၎။ သန်းတောင်ရွာရှိ ရွှေသန်းတောင်ဘုရား
၅။ ဟဲယာရွာမရှိ ရွှေဂူဘုရားနှင့် ခေါင်းလောင်း
၆။ နမ့်ပန်ရွာရှိ အလိုတော်ပေါက်ဘုရား
၇။ မြသိန်းတန်ရွာရှိ မြသိန်းတန်ဘုရား
ဂ။ သလဲဦးရွာရှိ ခွဲခြမ်းစေတီ
၉။ မိုင်းသောက်ရွာရှိ ဆုတောင်းပြည့်စေတီ
၁၀။ ငါးဖယ်ချောင်းရွာရှိ ဘုန်းတော်ကြီးကျောင်းတို့ ဖြစ်ပါသည်။

အင်းလေး ဒေသသည် ညောင်ရွှေ မြို့နယ်အတွင်း ကျေးရွာအုပ်စု (၃၅)စုဖြင့် ဖွဲ့စည်းထားပါသည်။ အင်းရေပြင်တွင် ခြေတံရှည်အိမ်များ ဆောက်ထားရာ ရွာပေါင်း (၁၇၆)ရွာရှိပါသည်။ ပါတ်ဝန်းကျင်ရှိ ရွာများနှင့် ပေါင်းလျှင် (၄၅၁)ရွာ ဖြစ်ပါသည်။ လူဦးရေ တစ်သိန်းသုံးသောင်းကျော် ရှိပါသည်။

ရေခြံ စိုက်ပျိုးရေးသည် အထူးအောင်မြင်ပြီး၊ ရက်ကန်းလုပ်ငန်းနှင့် လက်မှုလုပ်ငန်းတို့ ကလည်း လက်ရာမြောက် နာမည် ကျော်ကြား ပါသည်။ ရေပေါ်ဈေးနှင့် နမ့်ပန်ဈေးကလည်း စည်ကားပြီး ကမ္ဘာကျော်ပါသည်။´´

စာတစ်အုပ်မှာပါတဲ့ အကြောင်းအရာ တစ်ချို့ပါ.. အင်းလေးကန်ဟာ နာမည်ကျော်ကြားတဲ့ နေရာတစ်ခု ဖြစ်သလို တကယ်လဲ လည်လို့ ပတ်လို့ ကောင်းပါတယ်.. သာယာလှပမှု တွေနဲ့ ပြည့်နှက်နေသလို ထူးခြားတဲ့ ဒေသတစ်ခုလဲ ဖြစ်ပါတယ်..

ဒါပေမဲ့လဲ မမြင်သာသော အကြောင်းတရားဆိုးတွေ ရှိနေတယ်ဆိုတာ သတိပြုမိလာကြ ပါတယ်.. အဆိုးဆုံး တစ်ခုကတော့ အင်းလေးကန်ရေပြင်က တစ်နှစ်ထက်တစ်နှစ် ကျဉ်းမြောင်း လာနေတယ် ဆိုတာ တိုင်းတာ ချက်တွေ အရ တွေ့နေရတယ်ဆိုတာပါ..

အင်းလေးကန် ပါတ်ဝန်းကျင်က တောင်တန်းတွေမှာ အပင်တွေ နည်းသွားလို့ နှုံးတွေ မိုးရေနဲ့ အတူ ပါလာတာက တစ်ကြောင်း၊ ကျွန်းမြော စိုက်ခင်းတွေ တိုးချဲ့လာကြတာ၊ ဓါတုပိုးသက်ဆေးတွေ၊ မြေသြဇာတွေ သုံးလာတာက တစ်မျိုး၊ ကောင်းမွန်တဲ့ ရေပြင်ထိန်းသိမ်းမှု (ဥပမာ အမှိုက်နဲ့ အညစ်အကြေး စွန့်မှုစနစ်၊ တိုးပွားလာတဲ့ ဒိုက်တွေ ဖယ်ထုတ်တဲ့စနစ်) တွေ မရှိသေးတာက တစ်ဖုံနဲ့ အင်းလေးကန်ဟာ ဧရိယာ ကျဉ်းလာပြီး ကာကွယ် ပြင်ဆင်ရမဲ့ အခြေအနေ ရောက်လာခဲ့ ပါတယ်..

ဒါကြောင့်ပဲ အဲ့ဒီလို အင်းလေးကန် မပြောက်ကွယ်အောင်၊ မပျက်စီးအောင်လို့ တာဝန်ရှိသူတွေက စီမံကိန်းတွေ ဆွဲပြီး နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေတယ်လို့ ကြားသိရပါတယ်..

ကျွန်တော် ကြားမိတာတွေက တော့..

၁။ အင်းလေးကန် ပါတ်ဝန်းကျင်က တောင်တွေမှာ အပင်တွေထိန်းသိမ်း၊ စိုက်ပျိုးနေခြင်း..
၂။ အရင် အင်းလေးမှာ ဇာပနချစရာ နေရာမရှိလို့ ရေကန်အတွင်းကို အသုံးပြုမှု ကင်းဝေးအောင် ကုန်းပေါ်မှာ နေရာတစ်ခုနဲ့ မီးစက်တစ်ခု လုပ်ပေးထားခြင်း..
၃။ အင်းလေးကန်ထဲမှာ ကျွန်းမြောတွေ စနစ်တကျဖြစ်အောင် ထိန်းသိမ်းခြင်းနဲ့ ကန့်သတ်ခြင်း..
၎။ အင်းလေးကန်မှာ သွားနေတဲ့ လှေတိုင်း တစ်ခေါက် ခြင်းတစ်လုံး ဗေဒါပင်တွေ ဆယ်ယူဖို့ နဲ့ သယ်လာတဲ့ အပင်တွေကို ကုန်းမြေတစ်ခုမှာ မြေဆွေးလုပ်ပစ်ခြင်း..
၅။ စိုက်ခင်းတွေမှာ အသုံးပြုနေတဲ့ ဓာတုဆေးတွေကို တားမြစ်ပြီး၊ ခုနကရတဲ့ သဘာဝ မြေဆွေးတွေ အသုံးပြုကြဖို့ သတ်မှတ်ထားခြင်း..
၆။ အညစ်အကြေးတွေ ကန်ထဲ မစွန့်ပစ်ဖို့ Fiber/Plastic ဗုံး တစ်အိမ်တစ်လုံး အသုံးပြုရန်နှင့် အခြားနေရာတစ်ခုမှာ စုပေါင်းစွန့်ပစ်ဖို့ ဆောင်ရွက်နေခြင်း..
၇။ အဲ့ဒီ အညစ်အကြေးတွေကိုလဲ Biotechnology နည်းပညာသုံးပြီး၊ ပိုးမွေး ခြေဖျက်ဖို့ ဆောင်ရွက်နေခြင်း..
၈။ ရွာတွေ၊ ဟိုတယ်တွေ ထပ်ပြီး အင်းရေပြင်ပေါ်မှာ မတိုးချဲ့ဖို့ တားမြစ်ခြင်း..
၉။ ကန်ရေပြင် အရင်ကလို ပြန်လည် ကျယ်ဝန်းလာစေဖို့ နုံးမြေများပြန်လည် ဆယ်ယူခြင်း..
၁၀။ ကန်မှာ တိုးပွားလာတဲ့ ဗေဒါပင်၊ ဒိုက်တွေကို စက်တွေသုံးပြီး ဆယ်ယူခြင်း..

အဲ့ဒါတွေ ကို အတော်များများ လုပ်နေကြတယ်လို့ သိရပါတယ်.. တစ်ချို့လဲ လုပ်ဖို့ စီစဉ်နေတယ်လို့ ကြားရပါတယ်.. ကျွန်တော် အင်းလေးကို လွန်ခဲ့တဲ့ လ အနည်းငယ်က ရောက်တော့လဲ အမှန်တကယ် လုပ်ဆောင်နေကြတာ တွေ့ရပါတယ်.. (သောက်သုံးရေအတွက်တော့ ဘာတွေလုပ်ပေးနေတယ်ဆိုတာ မသိပါဘူး..)
နောက်ပြီး ညောင်ရွှေ-ရွှေညောင်ကားလမ်းကို တိုးချဲ့ ပြင်ဆင်ဦးမယ်လို့ သိရပါတယ်.. အခု လောလောဆယ် အင်းလေးကို သွားတဲ့ လမ်းက မကောင်းပါဘူး.. မိုးတွင်းဆိုလဲ ရေကျော်တက်ပါတယ်.. အဲ့ဒါတွေကို ပြင်မယ်လို့ ကြားရပါတယ်.. အဲ့ဒီလိုသာ လမ်းတွေ ကောင်းသွားရင် အင်းလေးကန်ကို ကျွန်တော်တို့ သက်သက်သာသာနဲ့ သွားနိုင်တော့မှာ ဖြစ်ပါတယ်..

တကယ်သာ ကျွန်တော်တို့ ကြားနေရတဲ့ သတင်းတွေ မှန်မယ်ဆိုရင် အင်းလေးသားတွေ အတွက်ကော.. တောင်ကြီးသားတွေ အတွက်ပါ စိတ်ချမ်းသာစရာပဲ ပေါ့နော်.. ကျွန်တော်တို့တွေ အားလုံးကလဲ နာမည် ကျော်ကြားတဲ့ အင်းလေးကန်ကြီး တိမ်ကော ပျောက်ပျက် မသွားစေချင်ပါဘူး..

အင်းလေးကန်ကြီး အစဉ်သာယာ တည်တံ့ နေပါစေလို့ ဆုတောင်းရင်း..

နောင်အင်းလေးကို လာလည်ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်..

အွန်လိုင်းမှကူးယူတင်ပြထားပါသည်။

No comments:

Post a Comment

***Facebook မှာ Like လုပ်ခြင်းဖြင့် အင်းလေးကို ချစ်သူများ ပျော်ရွှင်နိုင်ကြပါစေ***

သူငယ်ချင်းတို့ Gtalk မှာ innlaychitthugroup@im.partych.at ဆိုတဲ့ ပါတီချက်အကောင့်လေး အက်ပေးပါ။ ။