အင်းလေးချစ်သူများ ဆုံစည်းရာမှ နွေးထွေး ဖေါ်ရွေစွာ ကြိုဆိုပါ၏.....နည်းပညာ ဗဟုသုတများ ကိုလည်းပြန်လည်မျှဝေပေးနိုင်ပါက innlaychitthugroup@gmail.com ကို ဆက်သွယ်ပေးကြပါနော်...

Flashsong ၀ါသနာရှင်များ မိမိကြိုက်နှစ်သက်သော သီချင်းများကို တောင်းဆိုနိုင်ပါပြီ....

(ဒီဇင်္ဘာည လေးမှာ ) အင်းလေးချစ်သူ အွန်လိုင်းဆုံစည်းရာ ကို အလည်လာတဲ့ သူငယ်ချင်းတွေအတွက်.........နားဆင်ဖို့ပါ...။
ကာရာအိုဆိုရင်းသူငယ်ချင်းတွေကို ဗီဒီယို ချက်ကြမယ်။။ Live Karaoke Room

Saturday, November 24, 2012

Flashsong လုပ်ဖို့ ဆော့ဝဲလ် ဒေါင်းရန်။

မင်္ဂလာပါနော်..Flashsong လုပ်နည်း သင်ပေးပါဆိုလို့  ..အခုနေ့ကစပြီး  flashsong လုပ်နည်း ပညာလေးတွေကို သိသလောက်
ပြန်မျှဝေပေးပါ့မယ်... တစ်ချို့က တတ်ချင်တယ်.. အချိန်မပေးနိုင်တာတွေ..ကိုယ်ပိုင်စက်
မရှိတာတွေ အမျိုးမျိုးကြောင့် လက်လျှော့ရတယ်..
အဲဒီအတွက် ဆိုင်မှာ ပဲသွားလုပ်မလား... သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ စက်မှာပဲ ခန
အချိန်အားသလောက် လုပ်လုပ် သွားကြမလား..
ဒါဆိုရင် အောက်မှာပေးထားတဲ့ SWiSh Max4 ကို ဒေါင်းထားပါ။။ ကိုယ်ရဲ့ မာမိုရီ စတစ်ထဲထည့်
ယူသွား..လို့တဲ့အချိန် မှာ ထုတ်သုံးပေါ့..


portable SWiSH Max4 4.0.exe.zip

portable SWiSH Max4 4.0 ဒေါင်းရန် 

 ဒါကတော့ portable မဟုတ်ဘူး ကိုယ်ပိုင်စက်တွေမှာ အသုံးတည့်ပါတယ်..

SWiSH_Max4_Build_20101102.htmlဒေါင်းရန်.

အပေါ်ကပေးထားတဲ့ SWiSh Max4 ကိုဒေါင်းပြီးရင်တော့ ..သီချင်းလုပ်ရာမှာ အရေးကြီးတဲ့ MP3 

သီချင်းတွေကို ဖိုင်ဆိုက်ဒ် ချုံ့ ဖို့ လိုအပ်ပါတယ်.. ဘာဖြစ်လဲဆိုရင် တစ်ချို့ သီချင်းတွေက 5.MB 

ကျော်တဲ့အထိရှိရင် Flashsong လုပ်ဖို့ Effect တွေ ထည့်အုံးမှာဆိုတော့ ပြီးရင် ကျော်သွားမယ်လေ.

အဲကြောင့် သီချင်းကို ချုံ့   ရတာပါ။

MP3သီချင်းတွေ ချုံ့ ဖို့ သုံးရတာလည်းလွယ်ကူ ပေါ့ပါးတဲ့ Format Factory  ကို တင်ပေးလိုက်ပါတယ်..အောက်မှာဒေါင်းယူနိုင်ပါတယ်...အသုံပြုနည်းလေးပါတစ်လက်စထဲ တင်ပေးလိုက်ပါတယ်..အခု ဆော့ဝဲလ်ကတော့ Format Factory ၊ လို့ခေါ်တဲ့ MP3 ချုံ့ရန် ၊ FLV မှ AVi ၊ AVi မှ MP4 ၊ MP4 မှ Mp3 သို့ ပြောင်း သုံးနိုင်သည့် ဆော့ဝဲလ် တစ်မျိုးပါ .... ။ အခြား ၊ အခြားသော ဗီဒီယို .၊ သီချင်း ၊ ဓါတ်ပုံ ၊ DVD ၊ VCD ၊ CD ၊ များကိုလဲ လိုသလို အသုံးပြုနိုင်ပါတယ်.....။ 

 အပေါ် ပုံမှာ တွေ့ရတဲ့ အတိုင်း မြှားလေးနဲ့ ပြထားတဲ့ နှိပ်ရန် ဆိုတဲ့ All to Mp3 ပုံလေးကို နှိပ်လိုက်ပါ

 

အဲလိုနိုပ်လိုက်ရင်အောက်က ပုံအတိုင်း ဘောက်တစ်ခုကျလာရင် (2) ထပ်နိုပ်ပါ.။

 ဒါဆိုရင် အောက်ကဘောက်လေးထပ်ကျလာရင် ....မြှား ပြထားတဲ့ အတိုင်း သီချင်းဆိုက်ဒ် ပြင်လို့ရပါပြီ။

မှား ပြထားတဲ့ အတိုင်း 96 ကို ရွေး ရပါ့မယ် .... 64 ၊ 32 ကျတော့ သီချင်း အသံ ကျ သွား နိုင်ပါတယ် ..... တကယ်လို့ အပုံ{4}မှာ ပြထားတဲ့ အတိုင်း ပြန်ကြည့်လို့ အသံက မကျဘူး ဆိုရင် 64 {သို့} 32 အထိ ချူံ့နိုင်ပါတယ် 0k ပေးလို့ရပါပြီ

 


ပြီးရင်တော့.ကိုယ်လိုချင်တဲ့ သီချင်းတစ်ပုဒ်ရွေးပြီး  add File ကိုနိုပ်လိုက်ရင် အောက်ကပုံလေးအတိုင်းကျလာပါမယ်...
မြှားလေး ပြထားတဲ့ (4) ဆိုတဲ့ နေရာလေးကို နိုပ်ပေးလိုက်ရင် အဆင်ပြေပါပြီ။
 

အခုလို သီချင်းချုံ့ပြီးရင် ကိုယ့် ချုံ့လိုက်တဲ့ သီချင်းလေးဟာ ကိုယ့် PC ပေါ်မှာရောက်နေပါပြီ..
မချုံ့ခင် သီချင်းရဲ့ ဖိုင်ဆိုက်ဒ် ကို ဘယ်လိုကြည့်မလဲ ဆိုတာ မသိသေးသူတွေအတွက် ထပ်ပြော ပြလိုက်ပါတယ်...
သီချင်းကို  ကလစ်ထောက် ပြီး Properties ကိုသွားပါ။ ဘောက်လေးကျလာရင် 
General မှာ ကြည့်နိုင်ပါတယ်..
ကဲ..ဒါဆို မလုပ်တတ်သေးတဲ့ Flashsong ၀ါသနာတူ သူငယ်ချင်းတွေ အဆင်ပြေလောက်ပါပြီနော်..
အခက်အခဲလေးမှားရှိရင် dhwaymalnaw@gmail.com ကို ဆက်သွယ်မေးမြန်း နိုင်သလို.. ချက်ဘောက်မှာ မေးမြန်းထားနိုင်ပါတယ်..
အဆင်ပြေပါစေ..
အချိန်ရရင် ရသလို Flashsong လုပ်နည်းလေးတွေကို တင် တင်ပေးသွားပါ့မယ်ရှင်...


No comments:

Post a Comment

***Facebook မှာ Like လုပ်ခြင်းဖြင့် အင်းလေးကို ချစ်သူများ ပျော်ရွှင်နိုင်ကြပါစေ***

သူငယ်ချင်းတို့ Gtalk မှာ innlaychitthugroup@im.partych.at ဆိုတဲ့ ပါတီချက်အကောင့်လေး အက်ပေးပါ။ ။