အင်းလေးချစ်သူများ ဆုံစည်းရာမှ နွေးထွေး ဖေါ်ရွေစွာ ကြိုဆိုပါ၏.....နည်းပညာ ဗဟုသုတများ ကိုလည်းပြန်လည်မျှဝေပေးနိုင်ပါက innlaychitthugroup@gmail.com ကို ဆက်သွယ်ပေးကြပါနော်...

Flashsong ၀ါသနာရှင်များ မိမိကြိုက်နှစ်သက်သော သီချင်းများကို တောင်းဆိုနိုင်ပါပြီ....

(ဒီဇင်္ဘာည လေးမှာ ) အင်းလေးချစ်သူ အွန်လိုင်းဆုံစည်းရာ ကို အလည်လာတဲ့ သူငယ်ချင်းတွေအတွက်.........နားဆင်ဖို့ပါ...။
ကာရာအိုဆိုရင်းသူငယ်ချင်းတွေကို ဗီဒီယို ချက်ကြမယ်။။ Live Karaoke Room

Wednesday, November 21, 2012

PC မှာကော Phone မှာကော Viber ပြောကြမယ်..

သိပြီးသူလည်းရှိမှာပါ..မသိသေးတဲ့သူတွေအတွက်  နိုင်ငံတကာကို ဖုန်း ဖရီးခေါ်ဖို့ ကိုယ်ပိုင်ဖုန်းမှာ အင်
တာနက်ချိတ်ထားမယ်ဆိုရင်.. အဆင်ပြေပါပြီ..
အရင်က ဖုန်းအခြင်းခြင်းပဲ ပြောလို့ရပေမဲ့ အခုPC မှာပါ Viber ထည့်ပြီး တစ်ဖက်က အင်တာနက်ချိတ်ထားတဲ့ ဖုန်းကို  PC ကနေ လှမ်းခေါ်လို့ရနေပါပြီ..
ဒီနည်း သိတာက ကြာပါပြီ... မြန်မာ ကွန်နရှင်ကြောင့် စမ်းသပ်တာ ဘယ်လိုမှမတက်တာနဲ့ မတင်ဖြစ်ခဲ့ပါဘူး... အခု  ရရခြင်း တင်ပေးလိုက်ပါတယ်... မရှိသေးသူ မသိသေးသူတွေအတွက်
အရမ်းအဆင်ပြေ တာပေါ့.....
အခု  ဖုန်းမှာ Viber  အရင် ချိတ်ဆက်နည်း တင်ပြပါမယ်...ဒါကို မြန်မာမိုဘိုင်းကနေယူပြီးပြလိုက်တာပါ..



 
Source link: http://www.viber.com
မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free callခေါ်လို့ရတဲ့၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်။
နိုင်ငံခြားမှာတင် သုံးလို့ရတာမဟုတ်ဘဲ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ ရတာကိုတွေ့ရပါတယ်။

ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ ချိတ်ဆက်ထားရပါမယ်။
  • လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကို အောက်မှာရယူလိုက်ပါ။
(မိမိတို့ဖုန်းနဲ့ ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ) 
download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။
နိုင်ငံရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင် Myanmar (+95) ကို ရွေးချယ်ပေးပါ။
အောက်က TextBox မှာ မိမိရဲ့ ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ ဖုန်းနံပါတ်က 09-2016878 ဆိုရင် ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။
(ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်မှပုံအတိုင်းလုပ်ဆောင်ပါ။
ဒါဆိုရင် မိမိရဲ့ ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်း ထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။
အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာ အောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone တွေမှာဆိုရင်တော့ Screen ရဲ့ ထိပ်ဆုံးဘယ်ဘက်က No Code? ကိုနှိပ်ပါ။

Web Browser တစ်ခုနဲ့ အောက်ပုံထဲကအတိုင်း တက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။
“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ ဖုန်း callတစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာ ပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။
ဖုန်းစတင်ပြော၊ Message စပို့လို့ ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။ ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ။
အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော၊  ကြိုက်သလောက်message ပို့လို့ရပြီပေါ့။
ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး၊ နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်း ပြောလို့ရပြီပေါ့။ အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။
                                                             
ဒါပြီးရင်တော့ PC မှာ Viber ချိတ်ဖို့ ထပ်ပြောပြပါ့မယ်..
 အရင်ဆုံး  အောက်ကလင့်ခ်လေးကို သွား ပါ...
 သင် ရဲ့ PC  / Laptop  မှာ ဘယ်လို Install  လုပ်မလဲ ဆိုတာတော့ သိကြမှာပါ။။
မသိသေးတဲ့ သူတွေအတွက်တော့   အောက်မှာ ပြုလုပ်နည်းပါ တစ်ခါတည်း ရှင်းပြလိုက်ပါ့မယ်။
ပထမ အထက်မှာပေးထားတဲ့ BlueStack Software ကို ကိုယ့်ရဲ့ PC မှာ Run ပြီးရင် Install 
လုပ်ပါ့မယ်.. 

ပြီးပြီ ဆိုရင် အောက်က ပုံလေးမှာ ပါတဲ့
့ BlueStack Software ရဲ့  Apps  Library လေး PC ပေါ်ရောက်လာပီ ဆိုရင် အဲဒီထဲက ကိုယ်လိုချင်တဲ့
app တွေကို ကလစ်ပြီးခေါ်လိုက်မယ်ဆိုရင် အောက်ကပုံလေး အတိုင်း  
BlueStack Software ရဲ့  Player လေးနဲ့ တခြား App လေးတွေ  တက်လာပါမယ်...
ကိုယ့်က Viber ကို BlueStack Player မှာ Searching Appstores  ဆိုတဲ့ Box လေးကျလာရင် ခနစောင့်ပါ၊၊
သူရှာလို့တွေ့ရင် Downloading  လုပ်နေပါပြီ....



 ပြီးပြီဆိုရင်  BlueStacks Player ရဲ့ အောက်နားက အစိမ်းအနီအပြာပါတဲ့ Home ကို သွားလိုက်ရင်
ကိုယ်ဒေါင်းထားတဲ့ Viber App လေးကိုရွေးကလစ်ပေးပါ။ အောက်ကပုံလေးအတိုင်းတက်လာပါမယ်..
 ကဲ  ဒါဆို  ကိုယ့်ရဲ့ ဖုန်းထဲက သူငယ်ချင်းတွေကို ဖုန်းကနေသော်၎င်း မိမိကွန်ပြူတာကနေသော် ၎င်းအွန်လိုင်းပေါ်ရှိနေရင် ခေါ်ချင်သလောက်သာ ခေါ်ပေတော့.........
ခုပြောပြထားတာကို မရှင်းသေးရင် အောက်မှာ ဗီဒီယို ဖိုင်ပါ ထပ်တင်ပေးလိုက်ပါတယ်...
သူငယ်ချင်းအားလုံး အဆင်ပြေ ပါစေ....
အကယ်၍ အခက်အခဲရှိနေသေးပါရင် dhwaymalnaw@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်လို့......နော်...   ကျေးဇူးတင်ပါတယ်ရှင့်....




နောက်တစ်ခု တစ်လက်စထဲ  blog မှာ ဗီဒီယိုဖိုင် တင်ချင် တဲ့ သူတွေအတွက် HTML ကုဒ်လေး  ပါ
လက်ဆောင်ထပ်ပေးလိုက်ပါတယ်လို့ ...

<iframe allowfullscreen="" frameborder="0" height="344" src="http://www.youtube.com/embed/YrXL8KrGkm0?fs=1" width="459"></iframe>


1 comment:

  1. PC အတွက်က လင့် အဆင်မပြေဘူးထင်တယ် တစ်ချက်လောက်ကြည့်ပေးပါဦး
    ကျတော်လည်းတောင်ပေါ်သားဘဲ ၀န်ထမ်းဘ၀ နဲ့ ပဲခူးရောက်နေတာ သတိရတယ်
    ရှမ်းတောင်ကို တောင်တန်းရော ရှမ်းမ လေးရောပေါ့

    ReplyDelete

***Facebook မှာ Like လုပ်ခြင်းဖြင့် အင်းလေးကို ချစ်သူများ ပျော်ရွှင်နိုင်ကြပါစေ***

သူငယ်ချင်းတို့ Gtalk မှာ innlaychitthugroup@im.partych.at ဆိုတဲ့ ပါတီချက်အကောင့်လေး အက်ပေးပါ။ ။