အင်းလေးချစ်သူများ ဆုံစည်းရာမှ နွေးထွေး ဖေါ်ရွေစွာ ကြိုဆိုပါ၏.....နည်းပညာ ဗဟုသုတများ ကိုလည်းပြန်လည်မျှဝေပေးနိုင်ပါက innlaychitthugroup@gmail.com ကို ဆက်သွယ်ပေးကြပါနော်...

Flashsong ၀ါသနာရှင်များ မိမိကြိုက်နှစ်သက်သော သီချင်းများကို တောင်းဆိုနိုင်ပါပြီ....

(ဒီဇင်္ဘာည လေးမှာ ) အင်းလေးချစ်သူ အွန်လိုင်းဆုံစည်းရာ ကို အလည်လာတဲ့ သူငယ်ချင်းတွေအတွက်.........နားဆင်ဖို့ပါ...။
ကာရာအိုဆိုရင်းသူငယ်ချင်းတွေကို ဗီဒီယို ချက်ကြမယ်။။ Live Karaoke Room

Sunday, November 25, 2012

Mozilla Firefox, Portable Edition


မော်ဇီလာ Portable  ရချင်သူတွေအတွက်ပါ။

Mozilla Firefox, Portable Editionကို အောက်မှာဒေါင်းယူလိုက်ပါ။

MozillFirefoxPortable 

Download Mozilla Firefox, Portable Edition

Version 17.0 for Windows, English
17MB download / 77MB installed (Details)
read more "Mozilla Firefox, Portable Edition"

MozillaFirefox မြန်ချင်လျှင်


ဒီနေ့  ကိုယ့်သုံးနေတဲ့ မော်ဇီလာ ခနခန ဟမ်းလို့ လိုင်းပေါ်ကရှာရင်း ဒီနည်းလေးတွေ့လို့ ပြန်မျှတာပါ.. သင့်ရဲ့မော်ဇီလာနှေးနေရင်လည်း  မြန်စေဖို့ရန်အတွက်သုံးကြည့်ပါနော်.. အဆင်ပြေတယ်..

မြန်နှုန်းမြင့် INTERNET ဖြစ်ဖို့၊ WEB PAGE တွေ LOADING လုပ်တာမြန်စေဖို့၊ ပုံတွေပေါ်တာ မြန်စေဖို့ စိတ်ကူးရှိရင် သင့် BROWSERကို နည်းနည်းချိန်ညှိပေးဖို့လိုလိမ့်မယ်။ ဒီ ဆောင်းပါးက BROWSER အနေနဲ့ FIRE FOX ကို သုံးထားတဲ့သူတွေ အတွက်ပါ။ မရှိလဲ DOWNLOAD ဆွဲပြီး သုံးနိုင်ပါတယ်။ FIRE FOX ကိုဖွင့်လိုက်ပါ။ ပြီးတော့ ADDRESS BAR မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ ပညာရှင်အဆင့် ချိန်ညှိမှု့တွေ လုပ်မယ့်နေရာကို သွားမှာ ဖြစ်လို့ သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ ဂရုစိုက်လုပ်ပါ့မယ် လို့အဓိပါယ်ရတဲ့ BUTTON ကို နှိပ်ပေးလိုက်ပါ။


network.http.pipelining ရှိတဲ့နေရာကိုကိုဆင်းသွားပါ။ သူ့ရဲ့Value Field မှာ FALSE ဖြစ်နေခဲ့ရင် DOUBLE CLICK နှိပ်ပြီး TRUEပြောင်းလိုက်ပါ။

network.http.pipelining.maxrequests ကိုသွားပါ။ DOUBLE CLICKနှိပ်ပြီး တန်ဖိုးကို 8 လို့ပြောင်းပါ။

network.http.proxy.pipelining ကိုသွားပါ။ DOUBLE CLICK နှိပ်ပြီးတန်ဖိုးကို TRUE ပြောင်းလိုက်ပါ။

network.dns.disableIPv6 ကိုရှာပြီး တန်ဖိုးကို TRUEပြောင်းပေးပါဦး။
CONFIGURATION WINDOW ရဲ့ ညာဘက်က လွတ်နေတဲ့ ကြိုက်တဲ့ နေရာမှာRIGHT CLICK ထောက်လိုက် ပါ။ POP UP MENU လေးပေါ်လာပါလိမ့်မယ်။ MENU ထဲကNEW ကိုရွေးပြီး BOOLEANကိုတဆင့် ရွေးပေး ပါ။ ပေါ်လာတဲ့ New booleanvalue pop-up window ထဲမှာ content.interrupt.parsingလို့ရိုက်ထည့် ပါ။ OK ရွေးပြီး New Boolean အတွက် VALUE ကို TRUEထားပေးပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို2250000 လို့ထားလိုက်ပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE BOX မှာ750000 လို့ထားပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကBOOLEAN ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာcontent.notify.ontimer လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို TRUEထားပေးပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 5 လို့ထားပေးပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.switch.threshold လို့ရိုက်ထည့်ပါ။

OK ပေးပြီး VALUEကို 750000 လို့ထားပေးလိုက်ပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာnglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 0 ထားလိုက်ပါ။

အခုက စပြီး သင့် FIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက်စရာမြန်ဆန်နေခဲ့ပြီပေါ့။

Nay Zar Ye Tun ရဲ့ status ကို ပြန် share ပေးခြင်း ဖြစ်ပါတယ် .......
read more "MozillaFirefox မြန်ချင်လျှင်"

Flashsong လုပ်ရာမှာ လိုအပ်တာလေးတွေ ဒေါင်းဖို့ပါ..


Flashsongs လုပ်နည်း ebook 

SWiSH Max3.exe[Patch] 

SWiSH Max4.exe[Patch] 

SWiSH Max 3 & 4 Patch ဖိုင်

SWiSH Max 3 & 4 Patch ဖိုင်ထည့်နည်း ebook

လင့်ချိတ်ရန် Button များ

star mouse effect များ

Win မြန်မာဖောင့် အလှများ 

အသဲပုံMouseEffectဒေါင်းရန်

4 ground components

လိပ်ပြာ ၃ back ground

mouse mask effect swi ဒေါင်းရန်
star mouse Effect ဒေါင်းရန်

နှင်းဆီ back ground(1)

နှင်းဆီ back ground(2)

ခေါင်းလောင်းback ground

Flash Player ဒေါင်းရန်

ပန်းရောင် back ground

Heart back ground

Flower back ground

ဘယ်တော့မှမမေ့ mouse eff

play and stop button ဒီဇိုင်းမျိုးစုံဒေါင်းရန် 

star back ground

mouse effect letter
bubble နောက်ခံ 1

bubble နောက်ခံ 2

mouse blur

mouse Fadein Fadeout

ရုပ်ရှင်ဖိုင်ထည့်နည်းebook

လိပ်ပြာmouse effect[Error]

Snow components[Error]

နောက်ဆုတ်ဖို့ကြိုးစားရင်း နောက်ခံ

play and stop button ထည့်နည်း ebook 

လိပ်ပြာ 1 back ground

mouse snow ဒေါင်းရန်

ချယ်ရီပန်း နောက်ခံ ဒေါင်းရန်
ကိုသူရိန် ဆိုက်ဒ်မှာ သွားဆွဲလာတာပါ.:)
 
 
အထူး အသိပေးခြင်း ။     ။ ဤစာမျက်နှာတွင် တင်ထားသော ဆော့ဝဲလ်များနှင့် အဖက် ဒေါင်းလုပ်လင့်

တော်တော်များများဟာ ပျက်သွားတာကြောင့် ကျွန်တော် ကိုယ်တိုင် Upload လုပ်ပြီး ပြန်လည်တင်ပေး ထားတာ 

ဖြစ်ပါတယ်။ လွတ်လပ်စွာ ကူးယူမျှဝေနိုင်ရန်Password ခံထားခြင်းများ

မပြုလုပ်သော်လည်း အားလုံးအတွက် လုပ်ပေးထားသော စေတနာကို လေးစားသောအားဖြင့် 

တခြားဆိုဒ်တွေမှာ ပြန်တင်မယ်ဆိုရင် ကျွန်တော့်ဆိုဒ် ကို Credit ပြန်ပေးပါ။

စေတနာကို အရင်းခံပြီး အချိန်ကုန်ခံ အပင်ပန်းခံပြီးတော့ လုပ်ပေးထားတာကို

လွယ်လွယ်နဲ့ ကူးယူလို့ ရတယ်ဆိုပြီး ကျွန်တော့်ဆိုဒ်ကိုတောင် လင့်ပြန်မညွှန်းပေးတဲ့လူတွေ 

များလာမယ်ဆိုရင်တော့ ခုတင်ပေးထားတဲ့ ဆော့ဝဲလ်တွေအားလုံးကို Password ခံမည်ဖြစ်ကြောင်း

ကြိုတင် အသိပေး ထားချင်ပါတယ်။အားလုံးပဲ နားလည်ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ 

 
 
read more "Flashsong လုပ်ရာမှာ လိုအပ်တာလေးတွေ ဒေါင်းဖို့ပါ.."

Flash Song လုပ်နည်း အပိုင်း(၂)


 အခု အပိုင်း ဒီပို့စ်လေး က စာသားထည့်နည်းနဲ့  save လုပ် သိမ်းနည်းပေါ့နော်။
 
 တစ်ခုတောင်းဆိုချင်တာက  အကုန်လုံးကို ဒီတိုင်းကြည့်ရင် မူးသွားမှာပါ။ အဲဒီတော့ ဆွစ်မက် ဆော့ဝဲ ကို
တစ်ခါတည်း ဖွင့်ပြီး တစ်ဆင့်ချင်း စမ်းလုပ်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ရှင်းသွားမှာပါ။
   ကဲ စပီနော် ဘော်ဘော် တို့..........
          အပိုင်း (၂) မှာ ပုံအရှင်တွေ ဘတ်တွန် တွေထည့်ပီး သွား ပြီ ဆိုရင်တော့  စာသားထည့် ပြီး save လုပ်
ဖို့ ပဲ ကျန်တော့တာပေါ့။စာသားထည့်မယ်ဆိုရင် အရင်ဆုံး အောက်က ပုံမှာအနီရောင်လေး နဲ့ ၀ိုင်း ပြထားတဲ့
နေရာကို နှိပ်လိုက်ပါ။ အစိမ်းရောင် ဘောင်လေး ခတ်ပြထားသလို ပေါ်လာပါလိမ့်မယ် နော် ။


ပြီးရင်တော့ အောက်မှာ ပြထားသလို play ဘတ်တွန် ကြီး ကို နှိပ်လိုက်ပါမယ် ။ play / stop ဘတ်တွန် ထည့်
ထားတဲ့ အတွက်  ပုံမှာ ပြထားတဲ့ ဘောက် တစ်ခု ကျလာရင် ပိတ်လိုက် ပါ။ပြီးရင် မိမိ ထည့်ထားတဲ့ play
ဘတ်တွန် ကို နှိပ်လိုက် ပါမယ် ။အ၀ါရောင်လေး နဲ့ ၀ိုင်းပြထားတယ်နော် ။

   စာသားထည့်မယ် ဆိုရင် ကောင်းတာကတော့ Office word မှာ စာသားတွေ ရိုက်ထည့်ပြီး ကော်ပီ ယူထည့်
တာ ပို အဆင် ပြေမယ် ထင်ပါတယ် ။အောက်မှာ ပြထားပါတယ် ။



အပေါ်က အ၀ါနဲ့ ၀ိုင်းပြထားတဲ့  play ဘတ်တွန် ကို နှိပ်လိုက်ပြီးရင်တော့ အောက် မှာ အနီရောင် ဘောင်နဲ့

ခတ်ထားတဲ့ နေရာကို သေချာ ကြည့်ရအောင်နော် ။


အောက်မှာ အစိမ်းရောင် လေးတွေ နဲ့ ၀ိုင်းပြထားတဲ့ နံပါတ်တွေ timeline မှာ ရှိပါတယ် ။အနီရောင် ၀ိုင်းထားတဲ့

play button ကိုနှိပ်လိုက်ရင် အပြာရောင် နဲ့ ၀ိုင်းပြ ထားတဲ့ အနီရောင် အတုံးလေး ပြေးသွားပါလိမ့်မယ်။
သီချင်းဆုံးတဲ့ အထိပေါ့။ သူပြေးသွားတဲ့ ဆီကို  အောက်မှာ အနက်ရောင် နဲ့ ၀ိုင်းပြထားတဲ့ slide bar လေးနဲ့
လိုက်ရပါမယ် ။ အဲမှာ သီချင်း အဆိုဝင်တဲ့နေရာ ကို နံပါတ်ကလေး အကြမ်းဖျင်း မှတ်ထားပီး သီချင်းကို play
လုပ်တာ ရပ်လိုက်ပါမယ်။

ချစ်ဦး ပုံပြင် သီချင်းမှာဆိုရင် 250 နားမှာ အဆိုဝင် ပါတယ် အောက် မှာ ပြထားပါတယ်နော်။



ဒါဆို ရင် အဲဒီ 250 နားမှာ စာသားထည့်ရအောင်နော် ။အရင်ဆုံး Office word မှာရိုက်ထားတဲ့ စာသားကို

ကော်ပီယူထားလိုက်ပါ။နောက်
အောက်က ပုံမှာ အနီရောင် နဲ့ ၀ိုင်းပြထားတဲ့ T ပုံစံလေးကို ယူပီး မိမိ စာသားထည့်ချင်တဲ့ နေရာ မှာ ကလစ်
ချလိုက်ပါ။ပြီးရင် ညာကလစ်ထောက်ပီး Paste ကို နှိပ်လိုက်ပါ။ညာဘက်မှာလဲ Text ဆိုတာလေး ပေါ်လာတာကို
လဲ အပြာရောင် ဘောင်လေး ခတ်ပြထားပါတယ်။



အောက် က ပုံအတိုင်း စာသားရောက်သွားရင် effect ထည့်ရပါမယ်။ effect  ထည့်ဖို့ တွက် စာသားထည့်

ထားတဲ့ text လိုင်းလေး ကိုအောက်က ပုံမှာပြထားပါတယ်။  အပေါ်က မှတ်ထားခဲ့တဲ့ 250 နား မှာ ကလစ်
ထောက် ညာကလစ်နှိပ်ပီး  effect ထည့်ပါမယ်။ ထုပ်ထုပ် ထည့်တာတော့ အောက်မှာ ပြထားတဲ့ အတိုင်း
Appear into position ကိုနှိပ်ပါမယ်။

ပြီးရင် အဲဒီ ထဲက မှ 3D Spin and grow ကို ရွေးလိုက်ပါမယ်။ အောက်က ပုံအတိုင်းပေါ့နော်။



effect ထည့်ပြီးသွားရင်တော့ အောက်က ပုံအတိုင်း အပြာရောင်
 effect လိုင်းလေးပေါ်လာပါမယ်။အဲဒီအပြာရောင်
effect လိုင်းလေးကို ကလစ်ထောက်ရုံ ထောက်ပြီး အနီရောင်လေးနဲ့ ၀ိုင်းပြထားတာကို နှိပ်လိုက်ပါမယ်။ အနီရောင်လေးနဲ့
ဝိုင်းပြထားတာ ကတော့ effect တစ်ခုထဲတင်  Play သီးသန့်လုပ်တာပါ။


စာသား အ၀င် အထွက်ကို လိုသလို ကိုက်အောင် ချိန်ရပါမယ်။ အဲလို ချိန်ဖို့တွက် အပြာရောင်
 effect လိုင်းလေး
ညာ အစွန် ပဲဖြစ်ဖြစ် ဘယ်အစွန်ကိုပဲ ဖြစ်ဖြစ် ထောက်လိုက်ရင် အခု အနီရောင်လေးနဲ့ ပြထားတဲ့ 
နှစ်ဖက်ခေါင်းပါတဲ့ မြှား လေးကို အနက်ရောင် အနေနဲ့ တွေ့ရပါမယ်။ အောက်မှာ ၀ိုင်းပြထားပါတယ် ။ စာသား
အတို အရှည် ပေါ်မူတည်ပြီးတော့ အပြာရောင် effect လိုင်းလေး ကိုလဲ အတိုအရှည် ချိန်ပါ့မယ်။

မိမိ ထည့်တဲ့ အပြာရောင် effect လိုင်းလေးဟာ စိတ်တိုင်းကျဖြစ်ပြီ အ၀င်အထွက် ကိုက်သွားပြီဆိုရင်တော့ 
စာသားမှာ ကာလာရှိတ်လေး ထည့်ရအောင်နော်။ကာလာရှိတ်ထည့် ဖို့အတွက် ပုံရဲ့ (ဆွစ်ဆော့ဝဲရဲ့) ညာဘက်
အောက် နားလေး ကို သွားကြည့်ရအောင်နော်။

  အောက်မှာ ပြထားတဲ့ အတိုင်း 1 က effect ကို နှိပ်လိုက်ပါ။ ပြီးရင် 2 က filter ကို အမှန်ခြစ် ပေးလိုက်ပါ။
3 က အပြာရောင်ဘောင်ခတ်ထားတဲ့ filter ကို နှိပ်လိုက်ပါ။

အဲဒါ လေးတွေ လုပ်ပြီးသွားရင်တော့ custom ဆိုတာ ရဲ့ အောက်နားက အစိမ်းရောင် + ပုံလေး ကို နှိပ်လိုက်ပါမယ်။
အောက်ပုံမှာ ၀ိုင်းပြထားပါတယ်။


နှိပ်ပီးသွားရင် အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း ကျလာမှာပါ။ အဲဒီထဲကမှ drop shadow ကိုကလစ်ထောက်ပါ။

အဲဒီက မှ blur 4 ကိုရွေးလိုက်ပါ။အစိမ်းရောင် နဲ့ ၀ိုင်းပြထားပါတယ်။ရွေးပီးသွားရင် အောက်က ပုံမှာ ပြတဲ့တိုင်း
ပေါ်လာပါလိမ့်မယ် ။ အနက် ရောင် လေး အကွက်၂ ကွက် တွေ့ရမှာပါ။အဲဒီမှာ တစ်ကွက်ချင်းစီ ကို နှိပ်ပီး
မိမိ ထည့်လိုတဲ့ အရောင်ကို ရွေးလိုက်ပါ။

ချစ်ဦးပုံပြင် မှာ တော့ အစိမ်းရောင်လေးကို ရွေးလိုက်ပါတယ်။


အောက်က ပုံအတိုင်း ၂ ခု လုံးပြောင်းပီးသွားရင်တော့ ရပါပြီ။



Effect ပေါ်မပေါ် အောက်က ပုံမှာ အနီရောင်လေး ကိုဝိုင်းထားတာ နဲ့ နှိပ်ပြီး စမ်းကြည့်လိုက်ပါဦးမယ်။

အပေါ်မှာ အနီရောင် နဲ့ ၀ိုင်းပြထားသလို အစိမ်းရောင် shadow Effect ပေါ်တာ တွေ့ရမှာပါ။




စာသား တစ်ကြောင်း ထည့်တာ ပြီးသွားပါပီ။ နောက်တစ်ကြောင်း ထည့်ဖို့
 Office word ကိုသွားပီး အပေါ်ပုံမှာ
ပြထားတဲ့ အတိုင်း ကော်ပီယူပါ အရင်ထည့်ခဲ့တဲ့ နေရာ ရဲအောက်နား မှာ ကလစ်ချပြီး စောန ကလို
ထည့်ပါမယ်။စာသားထည့်ပြီးသွားရင် စောနကလို Effect ထည့်ပါမယ်။ အဲဒီတွက် အပေါ်ကလို
မလုပ်တော့ပါဘူး ။ပထမ စာကြောင်းမှာ ထည့်ခဲ့တဲ့ Effect ကို ကော်ပီ ယူလိုက်ပါနော်။




အောက်က ပုံအတိုင်း အစိမ်းရောင်လေး နဲ့ ဘောင်ခတ်ပြထားတဲ့ နေရာ မှာ မှန်းပြီးတော့ ညာကလစ်ထောက်ပြီး

Paste Effect ကိုနှိပ်လိုက်ပါ ။ထည့်ပြီးရင် အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း အ၀င်အထွက် ကိုက် မကိုက်ချိန်လိုက်ပေါ့
နော်။ကော်ပီယူထည့်တာဆိုတော့  Shadow အစိမ်းရောင်လေး ပါပြီးသား...... ဒီတော့ အလုပ်မရှုပ်တော့
ဘူးပေါ့။



အဲဒီ တိုင်းပဲ စာသားတွေ Effect တွေ ထည့်ပီးရင်တော့ စာသားတွေ ပြန်ထွက်အောင် လုပ်ရပါမယ်။

တစ်နည်းအားဖြင့် စာသားတွေ ပြန်ဖျောက်ရမှာပေါ့။


စာသားတွေ ဖျောက်ဖို့ အတွက် ထွက်ချင်တဲ့ နေရာ မလှမ်းမကမ်းမှာ ညာကလစ် ထောက်ပြီး
ချစ်ဦးပုံပြင်ထဲမှာတော့  fade out  ကိုရွေးလိုက်ပါတယ်။အဲဒီမှာလဲ အပေါ်မှာ ပြောသလို shadow effect
ထည့်ပါမယ်။ ညာဘက်ကအကွက်လေး ၂ကွက်မှာ အစိမ်းရောင်လေး တွေ့ရင်တော့ လုပ်စရာ မလိုပါဘူး
အနက်ရောင်ပဲတွေ့တယ် ဆိုရင်အပေါ်ကတိုင်း ပြန်လုပ်လိုက်ပေါ့နော်။ အစိမ်းရောင် ၂ ကွက် တွေ့ ပေမဲ့
Shadow ခပ်ထူထူ လိုချင်ရင်တော့ ထပ်လုပ်လိုက်ပေါ့ ရပါတယ်။

 

ချစ်ဦး ပုံပြင်မှာ စာသားလေးကြောင်းလောက် မှာ အကုန် တပြိုင်တည်း ထွက်တာ ဆိုတော့ စောနက Effect

Fade  out ကို ကော်ပီ ယူပီး အဲဒီ Effect အောက်တည့်တည့် မှာ Paste Effect လုပ်လိုက်ပါ။




အောက်မှာ ခရမ်းရောင် နဲ့ ဘောင်ခတ် ပြထားတာက တပြိုင်တည်း ထွက်မှာ မလို့ Effect တွေ တညီတည်း

ထည့်ထားတဲ့ ပုံပါ။ဒီလောက်ဆိုရင်တော့ စာသားတွေ နောက်ခံ shadow တွေ ထည့်တတ်သွားပြီ ထင်ပါတယ်။



အဲဒီတိုင်း ထည့်သွားလို့ သီချင်းတစ်ပုဒ် ဆုံးသွားပြီပေါ့နော်။ ဒါဆိုရင် save လုပ်ပါမယ်။ save လုပ်တဲ့နေရာ မှာ

ဆိုဒ်မှာ တင်ဖို့ swf ဖိုင် နဲ့ ဆွစ်မက် ဆော့ဝဲမှာ  ကိုယ် ပြန်ပြင်ချင်တာ ပြင်လို့ရတဲ့ swi ဖိုင်နဲ့ သိမ်းတာ ၂ မျိုး
ရှိပါတယ်။


အပေါ် က ပုံကတော့ အဲဒီ ၂ မျိုးကို ခွဲပြထားတာပါ။ အနီရောင် နဲ့ ၀ိုင်းထားတာကတော့

ဆိုဒ်မှာ တင်ပြီး Link ချဖို့ swf
 ဖိုင်ပါ။ ပန်းရောင်လေးနဲ့ ၀ိုင်းထားတာကတော့

ပြန်ပြင်ရင် ဖွင့်တဲ့ swi ဖိုင်ပါ။ အခုတော့ ဆိုဒ်မှာ မတင်သေးပဲ ရိုးရိုး swi ဖိုင်နဲ့ သိမ်းပါမယ်။



အပေါ် ပုံမှာ ပြထားတဲ့ အတိုင်း File ကို နှိပ်ပြီး save ပါမယ် ။ File name ကို  wskt လို့ ပေးလိုက်ပါတယ်။




ပြီးရင် save လိုက်ပါမယ်။အားလုံး စိတ်တိုင်း ကျလို့ ဆိုဒ်မှာ တင်ဖို့ Link ချဖို့ အတွက် swf ဖိုင်နဲ့ သိမ်းပါမယ်

အောက်မှာ ပြထားတဲ့ အတိုင်း File ကနေ Export setting ကိုသွားလိုက်ပါ။


ပြီးရင်  swf 8 ကို အောက်ပုံမှာ ပြထားတဲ့အတိုင်း ပြောင်းပါမယ် ။ပြောင်းပီးသားဆိုရင် တော့ ထားလိုက်ပေါ့

ဗျာ။

Swf 8 ကို ပြောင်းပီး သွားရင်တော့ File ကနေ ပြန်ဝင်လိုက်ပါ။အောက်ပုံမှာ ပြထားတဲ့ အတိုင်း Export  ကနေ
swf  ကိုနှိပ်လိုက်ပါ ။ ဒါဆိုရင်တော့ swf ဖိုင်အဖြစ် ဆိုဒ်မှာ Link ချဖို့ အတွက် သိမ်းပါလိမ့်မယ်။



swf နဲ့ သိမ်းတဲ့ အခါ အရင် swi နဲ့ သိမ်းထားခဲ့တဲ့ နံမည် နဲ့  ကျလာပါလိမ့်မယ် ။ save ပဲ နှိပ်လိုက်ပါ။

အောက်က ပုံကတော့ swf ဖိုင် အဖြစ် Export လုပ်နေတာပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက  Export
လုပ်နေချိန်မှာ တခြား ဆော့ဝဲတွေ ဖွင့်ထားတာပဲဖြစ်ဖြစ် မိမိစက်က Hardware ပိုင်း အားနည်းလို့ပဲ ဖြစ်ဖြစ်
အောက်က ပုံအတိုင်း  အစိမ်းတုံးလေးတွေ တက်သွားတာ နှေး နေရင် ဖိုင်ဆိုဒ်ကြီးသွားတတ်ပါတယ်။
50 mb လောက်ထိ ရောက်သွားတတ်ပါတယ်။ထုပ်ထုပ်လဲ တစ်ခြားဆော့ဝဲတွေ တပြိုင်တည်း သုံးနေလို့ 
ခဏခဏ ဖြစ်ဖူးပါတယ်။ဖလက်သီချင်း တစ်ပုဒ်ဟာ အလွန်ဆုံး ရှိရင်  3.5 mb ထက်
မကျော်ရင် အကောင်းဆုံးပါ။ အခုလို အစိမ်းလေးတွေ တက်တာ နှေးနေရင်  swi နဲ့ သိမ်းပီး သားဖြစ်လို့
ဆော့ဝဲကို ပိတ်ချလိုက်ပါနော်။နောက်ပြန်ဖွင့်လိုက်ပါ  open ကနေ wskt swi  ကို ရှာပီး ဖွင့်လိုက်ပါမယ်။ပြီးရင်
Export ကနေ swf ကို တန်း သိမ်းလိုက်ပါမယ်။အရင် သိမ်းတုန်းကထက် ပိုပြီး မြန်တာတွေ့ရပါလိမ့်မယ်။
သိမ်းပြီးရင်တော့  ပိတ်လို့ရပါပြီဗျာ။


    Flashsong Link Here

ကဲ အားလုံး အဆင်ပြေကြပါစေဗျာ။ ပုံပေါင်း 33 ပုံ နဲ့ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။ နားမလည် ခဲ့ရင်တော့
အနော် ထုပ်ထုပ် ညံ့ သေးလို့သာ ဖြစ်ပါကြောင်း...........................
    ( ဆွက်မက် 4 နဲ့ သုံးပြီး ရေးထားတဲ့  အတွက်  ကျန်တဲ့ ဗားရှင်းတွေ နဲ့တော့ မဆိုသလောက်လေး
ကွာပါလိမ့်မယ်။  )

read more "Flash Song လုပ်နည်း အပိုင်း(၂)"

Flash Song လုပ်နည်း အပိုင်း (၁)



အရင် ဆုံး ဖလက် သီချင်းလုပ်ဖို့ ဆွစ်မက် ဆော့ဝဲ ကို ဖွင့်လိုက်ရင် အောက်က ပုံ အတိုင်း တွေ့ရပါလိမ့်မယ်။


နောက်ခံ back ground အရောင်က အဖြူ နဲ့ အရင် ကျလာပါတယ် ။ အဲဒါကို အရောင်ပြောင်းချင်းရင်တော့ အောက်က ပုံအတိုင်း ပြောင်း
ပေါ့နော်။

အရင်ဆုံး မောက်စ် ကို ညာ ကလစ်ထောက်ပီး properties ကိုနှိပ်လိုက်ပါနော်......


အဲလို နှိပ်ပီးရင် အောက်က ပုံအတိုင်း ဘောက် တစ်ခု ကျလာပါလိမ့်မယ်။



ဒါက အနီး ကပ် ပုံပါ။


အပေါ်က ဘောက်ထဲမှာ ဖလက်သီချင်းပေါ်မယ့် ဆိုဒ် ကို ရွေးရမှာပါ။


ထုပ်ထုပ် ကတော့ 600×400 -12 ကိုရွေးလိုက်တယ် နော်


ပြီးရင် နောက်ခံ ဘက်ကရောင်း အရောင် ကို အနီ ၀ိုင်းပြထားတဲ့ နေရာ ကို နှိပ်ပြီး ပြောင်းမယ်နော် အောက်က ပုံအတိုင်းပေါ့။
ထုပ်ထုပ် တော့ အမြဲတမ်း အနက်ရောင် ကို ရွေးတယ်နော် အောက်မှာ ၀ိုင်း ပြထားတယ် ။


ပြောင်းပီးသွားရင် အောက်က ပုံအတိုင်း ဘက်ကရောင်းက အနက် ရောင် ပြောင်းသွားပါပြီ။ ဒါဆို သီချင်းထည့်မယ်နော် ။


သီချင်း မထည့် ခင်မှာ သီချင်းကို လွမ်း ရေးတဲ့ အပိုင်း (၁) မှာ ပြထားတဲ့ အတိုင်း ချုံ့ရ ပါမယ် ။ 2mb ထက် မကျော် တာ
အကောင်းဆုံးပါ။ ဒါမှ အဖက် တွေ ၊ ပုံတွေ ထပ်ထည့်မှာ နဲ့ ဆိုတော့ အကိုက် မဟုတ်လား။



အပေါ်က ၀ိုင်းပြထားတဲ့ နေရာကို ကလစ်ပီး သီချင်းထည့်ရပါမယ်။


သီချင်း ထည့်ပီးသွားတဲ့ ပုံပါ။


အောက်လိုင်း ဆိုတဲ့ နေရာ မှာ ထည့်လိုက် တဲ့ သီချင်း ဒီလို ပေါ်ပါတယ်။ထုပ်ထုပ် ကတော့ ချစ်ဦးပုံပြင် သီချင်းလေး ထည့်လိုက်ပါတယ် ။


ပြီးရင် အရုပ် အရှင် လေးတွေ ထည့်ဖို့ import animation ကို ကလစ်လိုက်ပါ။


အပေါ်မှာ ၀ိုင်းပြထားပါတယ် ကလစ် ရမယ့် နေရာကို။
အပေါ်နဲ့ အောက်မှာ ပြထားတာ က အရုပ် အရှင် ထည့်ပီး သွားတဲ့ ပုံပါ။OutLine မှာ ကြည့်ရင် တွေ့ရမှာပါ။



ချစ်ဦးပုံပြင် သီချင်း အတွက် အရင် ဆုံး လှုပ်နေတဲ့ ဖလက် မြက်ခင်းလေး ကို ရွေးပြီး ထည့်လိုက် ပါမယ်။


မြက်ခင်းလေး ရောက်သွားရင် ညာဘက် မှာ အဲဒီ မြက်ခင်းလေး ကို ပဲ ကော်ပီ ယူ ပွား ပြီး ဖလက် အရုပ် အရှင်လေးတွေ ထည့်သွား
ပါမယ် အောက်က ပုံမှာ ထည့်ပြီးလို့ တစ်ဝက်လောက် ရောက်ရင်တော့ ရပ်ထားပြီး ပလေး ၊ စတော့ ဘတ်တွန် ထည့်ပါမယ်။
အရုပ်တွေ အားလုံးထည့်ပြီးမှ ဘတ်တွန် ထည့်ရင် ဘတ်တွန်အဖက် မရ ဖြစ်တတ်ပါတယ်။



အပေါ်မှာ ပြထားတဲ့ အတိုင်း file ကလစ်ပြီး new ကို နှိပ်လိုက်ပါ။ အောက်က ပုံအတိုင်း နောက် တကွက် ပေါ်လာ မှာပါ။အရင် မူလ
သီချင်းနဲ့ နောက် ပေါ်လာတာ ကို အနီရောင် နဲ့ ဘောင်ခတ် ပြထားပါတယ်။


ပြီးရင် တော့ညာဘက် အကွက်ကလေးမှာ အနီရောင် နဲ့ ၀ိုင်းထားတဲ့ componant ကို နှိပ်လိုက်ပါ။ အဲဒီထဲက မှ 2D ကို ကလစ်ပြီး
ဘတ်တွန် အတွက် Christmas glass button ကို ရွေးလိုက်ပါ ။ အောက်က ပုံအတိုင်းတွေ့ရင် တော့ ညာကလစ်ထောက်ပြီး
cut object ကို နှိပ်လိုက်ပါ။
ပြီးရင် အောက် မှ မြှားပြထားတဲ့ အတိုင်း စောစောက လုပ်ထားတဲ့ သီချင်း မှာ ညာကလစ်နှိပ်ပြီး paste here ကို နှိပ်လိုက်ပါ။


အောက်က ပုံလေး အတိုင်း ဘောက် ကျလာရင် ok နှိပ်လိုက်ပါ။
အောက်က ပုံအတိုင်း ဘတ်တွန် ကို တွေ့ပါလိမ့်မယ် ။
ဒါပေမဲ့ ဘတ်တွန် ကို ထုပ်ထုပ် သီချင်းမှာ မြင်တဲ့ အတိုင်း ကျန်အောင် မလိုတာ တွေ ဖျက် ပစ်မှာပါ။ဘတ်တွန် ထည့်လိုက်ရင် အရင်ဆုံး
OutLine မှာ videoControls ဆိုတာလေးကို အောက်မှာ ပြထားတဲ့ ဘယ်ဘက်က ပုံလေးမှာ အပြာရောင်လေး နဲ့ ၀ိုင်းပြထားပါတယ် ။
အဲဒီ အပြာရောင်လေးက နဂိုက + ပုံလေး ကို နှိပ်ပြီး ဖြည်ချလိုက်ရင် ဘယ်ဘက်က အနီရောင် ဘောင်ခတ်ထားသလို တွေ့ရမှာပါ။
အဲလို ဖြည်ပြီးပြီ ဆိုရင်တော့ မလိုတာတွေ ကို ညာဘက်မှာ တွေ့တဲ့ ပုံအတိုင်း ကျန်တဲ့ အထိ ဖျက်လိုက်မှာပါ။
ကိုထွန်း ကတော့ time line လေး ထည့်တတ်ပါတယ်။ ထုပ်ထုပ်ကတော့ မထည့်ပါဘူး။ (ကိုယ့် သီချင်း ကို ကျော်တာ ရစ်တာ မခံနိုင်ပါဘူး
ခိခိ)
အားလုံး ဖျက်ပီးသွားရင်တော့ အနီရောင် လေး ၀ိုင်းပြ ထားသလို တွေ့ရမှာပါ ။ ဒါဆိုရင်တော့ ဘတ်တွန် ထည့်တတ်သွားပြီပေါ့နော် ။
ဒါက လုံးဝ မသိသေးတဲ့သူတွေ အတွက်ပါနော် ။နောက်ရက် ကျရင်တော့ အောက်က ထုပ်ထုပ် သီချင်းထဲက ပုလင်းလေးတွေ လှုပ်တာ
ရေးပေးမယ်နော် ။

နမူနာ Flashsong ကို ဒီလင့်လေးမှာ နှိပ်ပြီးတော့ နားထောင် ကြည့်နိုင်ပါတယ်..

 ဒီပို့စ်လေးကို mmflahsongs က ကိုထုပ်ထုပ် ရေးထားတာပါ..ခုမှ စပြီးFlashsong လုပ်မယ့် 

သူငယ်ချင်းတွေအတွက် ကူးယူ မျှဝေပေးလိုက်ပါတယ်နော်..
read more "Flash Song လုပ်နည်း အပိုင်း (၁)"

***Facebook မှာ Like လုပ်ခြင်းဖြင့် အင်းလေးကို ချစ်သူများ ပျော်ရွှင်နိုင်ကြပါစေ***

သူငယ်ချင်းတို့ Gtalk မှာ innlaychitthugroup@im.partych.at ဆိုတဲ့ ပါတီချက်အကောင့်လေး အက်ပေးပါ။ ။