အင်းလေးချစ်သူများ ဆုံစည်းရာမှ နွေးထွေး ဖေါ်ရွေစွာ ကြိုဆိုပါ၏.....နည်းပညာ ဗဟုသုတများ ကိုလည်းပြန်လည်မျှဝေပေးနိုင်ပါက innlaychitthugroup@gmail.com ကို ဆက်သွယ်ပေးကြပါနော်...

Flashsong ၀ါသနာရှင်များ မိမိကြိုက်နှစ်သက်သော သီချင်းများကို တောင်းဆိုနိုင်ပါပြီ....

(ဒီဇင်္ဘာည လေးမှာ ) အင်းလေးချစ်သူ အွန်လိုင်းဆုံစည်းရာ ကို အလည်လာတဲ့ သူငယ်ချင်းတွေအတွက်.........နားဆင်ဖို့ပါ...။
ကာရာအိုဆိုရင်းသူငယ်ချင်းတွေကို ဗီဒီယို ချက်ကြမယ်။။ Live Karaoke Room

Monday, May 6, 2013

ဈေးနုံးချိုသာစွာနဲ့ နိုင်ငံခြားကို Pfingo နဲ့ ဖုန်းပြောချင်သူများအတွက်................


မင်္ဂလာပါနော်...အသိတစ်ယောက်ကမေးလို့ နိုင်ငံခြားကိုငွေကုန်သက်သာစွာပြောဆိုဖို့နည်းလေး ပေးပါဆိုလို့ တင်ပေးလိုက်ပါတယ်....
ကျန်းမာရေးအခြေအနေကြောင့်  ဘန်ကောက်မှာ ဆေးသွားကုနေရလို့ ဒီဘလော့ခ်လေးကိုပစ်ထားရတာကြာပါပြီ...အကျိုးအကြောင်းလည်းမရေးခဲ့ရလို့ ခင်မင်ရပါသော ဘလော့ခ်ဂါ မိသားစုတွေကို အားနာမိပါတယ်ရှင်..
ဒီနေ့ပဲ နှစ်လလောက် ပစ်ထားတဲ့ င်္ဒီကွန်ပြူတာလေးကို သန့်ရှင်းရေးလုပ်ရင်း  မသိတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ အကူအညီ အမြဲတောင်းလွန်းလို့  ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်...


အရင်ဆုံး Pfingo ဆော့ဝဲလ်ကို အရင်ဒေါင်းလုပ်ဆွဲရပါမယ်။။
ကိုယ်က ဖုန်းကနေ သုံးချင်သလား.....
ကွန်ပြူတာကနေသုံးချင်တာလား...
ဖုန်းကနေသုံးချင်ရင်အောက်က လင့်ခ်လေးကို ကလစ်ပေးပြီး ဒေါင်းလုပ်လုပ်ပေးပါ။

thone/pfingoTalk_setupV4.2.2.exe  

ကွန်ပြူတာကနေဆိုရင်တော့ အောက်ကပေးထားတဲ့ လင့်ခ်လေးကို ဒေါင်းပြီး အင်စတောလုပ်ပေးပါ၊

mobile.pfingo.  

ကဲ ဒါတွေပြီးပြီဆိုရင် အကောင့်တစ်ခု ပြုလုပ်ရပါတော့မယ်။။

.pfingo/signUp  

တစ်ခုပြောပြချင်တာက Pfingo အကောင့်တစ်ခုလုပ်မယ်ဆိုရင်ဖုန်းနံပါတ်တောင်းခဲ့မယ်ဆိုရင်  စကာင်္ဘူ ကဖုန်းနံပါတ်မှ လက်ခံပြီး  ကုဒ်နံပါတ်ပေးမှာဖြစ်ပါတယ်။

ဒါဆိုရင် သိလောက်ပါပြီ။။  Username နဲ့ Password ရပြီဆိုရင် အောက်မှာပေးထားတဲ့ ပုံလေးအတိုင်း
ကိုယ်ခေါ်ဆိုမဲ့ နိုင်ငံကုဒ်ကိုထည့်ပြီး ခေါ်ဆိုလိုက်ရုံပါပဲ။


ကိုယ်က ခေါ်ဆိုပြီးရင်  ဆိုင်တွေမှာ အသုံးပြုမယ်ဆိုရင်တာ့ အကောင့်ကို Remember me မှာ အမှန်
ခြစ်  မခြစ်မိအောင် ဂရုစိုက်ပေးပါ။ပြန်ထွက်ခဲ့ဖို့လည်းမမေ့ပါနှင့်။ ။

နောက်တစ်ခု ကိုယ့်ငွေထည့်နည်းလေး လေးလည်းပြောပြပါ့မယ်။။စကာင်္ဘူမှ အသိမိတ်ဆွေကနေထည့်
ခိုင်းရင်တော့ သူ့ဆီက Password ကိုတောင်းပြီး 
အောာက်က ပေးထားတဲ့ လင့်ခ်လေးကိုသွားပြီး ထည့်လိုက်ရုံပါပဲ။
အဲဒီလင့်ခ် ထဲက
Top-Up Card
Bought a pfingo Top-Up Card recently? Redeem it here!
pfingo Top-Up cards now on sale in Singapore! Find out where to buy here.



ဆိုတဲ့ စာအောက်က Redeem  ကိုကလစ်ခ် ပြီးUsername နဲ့ Password ကို ၀င်လိုက်ပြီး ငွေဖြည့်ကဒ် Card Number နဲ့  Card PIN  နံပါတ်ကိုမှန်ကန်အောင်ရိုက်ထည့်လိုက်ပါက ဖုန်းခေါ်ဆိုဖို့အတွက်လား...
မက်စ်ပို့ဖို့အတွက်လားဆိုတာကို သေချာဖတ်ပြီး အစက်ပေးရပါ့မယ်။။
ပြီးရင်Security Verification  စာလုံးလေးတွေကို မှန်ကန်အောင်ထည့်ပေးရပါ့မယ်။  ပြီးရင် NEXT လုပ်ပြီး  စတင်အသုံးပြုလို့ရပါပြီ။
နောက်အလျှင်းသင့်ပါက နိုင်ငံအလိုက်ခေါ်ဆိုမှူ့ဈေးနုံးများ ကို ရေးပေးပါမယ်...
 ငွေကုန်သက်သာပြီး မိသားစုများနဲ့ ပျော်ရွှင်စွာ လေကြောရှည်နိုင်ကြပါစေရှင်....

1 comment:

  1. Just tried http://clanshelper.com/ - I got free CoC gems here! Get yous too in less than two minutes!! THE ONLY WORKING FREE GEMS GIVEAWAY FOR COC!!(WahUfhPvjz)

    ReplyDelete

***Facebook မှာ Like လုပ်ခြင်းဖြင့် အင်းလေးကို ချစ်သူများ ပျော်ရွှင်နိုင်ကြပါစေ***

သူငယ်ချင်းတို့ Gtalk မှာ innlaychitthugroup@im.partych.at ဆိုတဲ့ ပါတီချက်အကောင့်လေး အက်ပေးပါ။ ။