လိုချင်တောင့်တတဲ့
တဏှာအခင်းကျင်းတွေကြားမှာ
နင်ရယ်..ငါရယ်လေ..ဟိုးးအရင်ကပေါ့.
သမုဒယ ပင်လယ်ကြီးမှာ
ကမ်းမမြင် လမ်းမမြင် အချိန်ကာလတွေ
တစ်ခုပြီးတစ်ခု သစ္စာချစ်တွေနဲ့
မေတ္တာသက်ဝင်ရင်း....
အတ္တတွေများလိုက်ကြတာ....
ကိုယ်ပေါ်မှာ မြင်စရာမကောင်းအောင်
အလူးလူး ဆက်နွယ်နေကြတာ
အ၀ိဇ္ဇာ အမှန်မသိ
ကြာလာတော့..ညှိနိုင်းမရနိုင်တဲ့
အနတ္တ ပြဿနာ..သောင်းခြောက်ထောင်ကြား
နင့်နဲ့ငါ
ဟိုးးး အဝေးဆုံးကိုလျှောက်လှမ်းဖို့
မမြဲတဲ့ သင်္ခါရ သဘောလို
ငါဆုံးဖြတ်လိုက်ပြီ...
နင်..ငါ့အနားက
ထွက်သွားပါတော့လို့.
ပြောမထွက်ခင်
နင့်နှုတ်ခမ်းကပြောလာတဲ့စကားကြောင့်..
ငါလေ..နင့်ကို သိရဲ့လား
အိပ်မက်ဆန်ဆန်ခဏတာ ၀င်ရောက်ခဲ့တဲ့
မှော်ဆန်တဲ့စိတ္တဇ အမှောင်ညတွေကြား
ဖြတ်ခနဲ..ငါကို လန့်နိုးခွင့်ပြုခဲ့တဲ့
နင့်ကိုငါ
အရမ်း..အရမ်းကိုကျေးဇူးတင်တယ်ဟာ..
No comments:
Post a Comment